ဥဒ္ဓစ္စသမ္ပယုတ်

by | Jun 9, 2022 | | 0 comments

ဥဒ္ဓစ္စသမ္ပယုတ်-ဟူသော ပုဒ်သည် ဥဒ္ဓစ္စ+သမ္ပယုတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဥဒ္ဓစ္စသမ္ပယုတ်ဟူသည် ဥဒ္ဓစ္စ= ပျံ့လွင့်ခြင်းနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု အဓိပ္ပါယ်ရသည်။

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။

ဥပစယ

ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ...

ဥပါဒ်ခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥပါယာသ ၁

သောကပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်နိုင်အောင် ရှိုက်ကြီးတငင်ဖြစ်ကာ အတွင်းဆွေးဆွေးခြင်းသည် "ဥပါယာသ"...