စိတ်ကို မငြိမ်သက်အောင်ပြုတတ်သော ဥဒ္ဓစ္စကုက္ကုစ္စသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ မည်၏။
ဥဘယက္ခယမရဏ
အသက်တမ်း, ကံစွမ်း ၂-ပါးစုံ ကုန်မှုကြောင့် စုတေခြင်း။
စိတ်ကို မငြိမ်သက်အောင်ပြုတတ်သော ဥဒ္ဓစ္စကုက္ကုစ္စသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ မည်၏။
အသက်တမ်း, ကံစွမ်း ၂-ပါးစုံ ကုန်မှုကြောင့် စုတေခြင်း။
မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇောတို့၌ရှိသော တတြမဇ္ဈတ္တတာစေတသိက်။
ပသာဒရုပ် ၅-ပါး။
ကံကြောင့်ဖြစ်သော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များ။
ကံနှင့်ဆက်သွယ်၍ တိုက်ရိုက်ရခဲ့ဖူးသော ပဓာနအာရုံသည် "ဥပလဒ္ဓပုဗ္ဗကမ္မနိမိတ်" မည်၏။
မနောဒွါရိကကုသိုလ်ဇောစိတ်ဖြင့် မှန်းဆ၍ ယူအပ်သော အာရုံ(ပုံရိပ်)ကို "ဥဂ္ဂဟနိမိတ်"ဟု ခေါ်သည်၊ ဤဥဂ္ဂဟနိမိတ်ကိုလည်း ပရိကမ္မဘာဝနာကပင် အာရုံပြုပါသည်။ မျက်စိမှိတ်ထားသော်လည်း အာရုံယူက ပကတိမျက်စိဖြင့် ကြည့်နေရသလို ထင်မြင်လာသော အာရုံမျိုးပင်...