ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် “အအေးငွေ့, အပူငွေ့”ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ ထိုက်သည်အားလျော်စွာ ဖြစ်စေသည်၊ ထို “တေဇော”ဟူသော ဥတုကြောင့်ဖြစ်သော ရုပ်ကို “ဥတုဇရုပ်”ဟု ခေါ်သည်။)
ဥပါယာသ ၁
သောကပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်နိုင်အောင် ရှိုက်ကြီးတငင်ဖြစ်ကာ အတွင်းဆွေးဆွေးခြင်းသည် "ဥပါယာသ"...