ဥတုဇကလာပ် ၄ စည်း

by | Jun 9, 2022 | | 0 comments

၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ သဒ္ဒနဝကကလာပ်၊ ၃။လဟုတာဒေကာဒသကကလာပ်၊ ၄။သဒ္ဒလဟုတာဒိဒွါဒသကကလာပ်။( ဥတုဇကလာပ် ၄ စည်းဥတုဇရုပ် ၁၃ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော် လဟုတာဒေကာဒသကကလာပ်ဟု ခေါ်သည်၊ ထိုလဟုတာဒေကာဒသကကလာပ်ကို သဒ္ဒရုပ်နှင့် ပေါင်းစည်းလျက် သဒ္ဒလဟုတာဒိဒွါဒသကကလာပ်ဟု ခေါ်သည်။ စုစုပေါင်းသော် ၄ စည်း ရှိသည်။)

ဥပစာ ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

ဥပနိဿယပစ္စယော

အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဥဒယဗ္ဗယဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော...

ဥပစာရသမာဓိဇော

ဥပစာရ= ဈာန် မဂ် ဖိုလ်တို့၏ အနီး၌ ဖြစ်သော၊ သမာဓိ= တည်ကြည်သော၊ ဇော-ဇောစိတ်များ။

ဥပပီဠက ကံ

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...