အာဟာရကြောင့်ဖြစ်သော ရုပ်။(ဩဇာ-ဟူသော အာဟာရသည် စားမျိုလိုက်သည့်အခါ သူ၏ ဌီသို့ ရောက်မှသာ အာဟာရဇ ရုပ်ကို ဖြစ်စေသည်၊ ထိုအာဟာရကြောင့်ဖြစ်သော ရုပ်ကို “အာဟာရဇရုပ်”ဟု ခေါ်သည်။)
အဟိတ်စိတ်
အဟိတ်စိတ်-ဟူသော ပုဒ်သည် အဟေတုက+စိတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ်...