ဝင်လေ ထွက်လေတို့ကို အာရုံပြု၍ဖြစ်သော သတိသည် အာနာပါနဿတိ မည်၏၊ ဝင်လေ ထွက်လေတို့ကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။
အပ္ပဏိဟိတာနုပဿနာ
"ဒုက္ခ"ဟု ရှုသော ဝိပဿနာသည် တောင့်တတတ်သော တဏှာကို ပယ်ခွာနိုင်သောကြောင့် "အပ္ပဏိဟိတာနုပဿနာ"ဟူသော အမည်ကိုရလျက် ဝိမောက္ခသို့ ဝင်ရာလမ်းပေါက် (ဂိတ်ဝ) တစ်မျိုးဖြစ်သည်၊ (အပ္ပဏိဟိတ= တောင့်တဖွယ်မရှိဟု + အနုပဿနာ= ရှုတတ်သော...
