အသုရကာယ်

by | Jun 9, 2022 | | 0 comments

မမြူးထူးတတ်သော မရဲရင့်သော ပြိတ္တာတစ်မျိုးကို အသုရာဟု ခေါ်သည်။ သိကြားမင်း၏ ရန်ဘက်အသုရာကို ဆိုလိုသည် မဟုတ်။ အသုရ=ပြိတ္တာအသုရာတို့၏+ကာယ= အပေါင်းအစည်းအဖွဲ့။ အသုရာအပေါင်း။ “အသုရာဟူသည် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစသည်တို့၌ နေတတ်ကြ၏။ ရေနားနေသော်လည်း ရေမသောက်ရ၊ ရေထဲဆင်းသွားလျှင် ရေတွေပျောက်၍ သဲပူတွေသာ တွေ့ရ၏။ စားဖွယ်ရာမှာ သာ၍ပင် ဝေးသေး၏”ဟု တောင်မြို့ဆရာတော် မိန့်တော်မူသည်။

အကုသိုလ်မနောကံ

ကိုယ်လည်းမလှုပ်, နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော အကုသိုလ်ကံ "အကုသိုလ်မနောကံ"မည်၏။

အပါယ်ဘုံ

ကောင်းမှုဟု သမုတ်အပ်သော ကုသိုလ်မှ များသောအားဖြင့် ကင်းရာဖြစ်သောကြောင့် အပါယ် မည်၏။ ထိုအပါယ်သည် သတ္တဝါတို့ ဖြစ်တည်ရာ ဖြစ်သောကြောင့် ဘုံလည်း...

အညိန္ဒြေ ၁

သောတာပတ္တိမဂ် သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အညာ- သောတာပတ္တိမဂ်သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိသော, သိပြီးဖြစ်သော...