အသညသတ်

by | Jun 9, 2022 | အ | 0 comments

သညာ(စသော စိတ် စေတသိက်) မရှိသော်လည်း သတ္တဝါဖြစ်နေသော ဗြဟ္မာ၊ (အသည= စိတ်၊ စေတသိက်စသော သညာဟူသော နာမ်မရှိ+သတ္တ= သတ္တဝါလည်း ဖြစ်၏)။

အဏ္ဍဇသတ္တဝါ

ဥခွံ၌ဖြစ်သော သတ္တဝါ၊ ကြက်, ငှက်-စသော သတ္တဝါမျိုး။

အဘိညာဉ် ၂ ပါး၂

၁။ ရူပါဝစရကုသိုလ်ပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်၊ ၂။ ရူပါဝစရကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်။

အကုသလဝိပါက်စိတ် ၇ ပါး

၁။ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ပါး၊၂။ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် ၁ပါး၊ ၃။ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် ၁ပါး၊ ၄။ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် ၁ပါး၊ ၅။ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ် ၁ပါး၊ ၆။ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် ၁ပါး၊ ၇။ဥပေက္ခာသဟဂုတ် သန္တိရဏစိတ်...

အာဇီဝပါရိသုဒ္ဓိသီလ

"ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး" ပစ္စည်း ၄-ပါးတို့ကို မအပ်မစပ် မတရားသောနည်းဖြင့် မရှာဖွေဘဲ အပ်စပ်သောနည်း၊ တရားသော နည်းဖြင့်သာလျှင် ရှာဖွေသုံးဆောင်မှုသည် "အာဇီဝပါရိသုဒ္ဓိသီလ" မည်၏၊ မှားယွင်းသော အသက်မွေးမှု မတရားအသက်မွေးမှုမှ ရှောင်ကြဉ်သဖြင့် အသက်မွေးဝမ်းကျောင်းမှု...