အဝိဇ္ဇာ ၁

by | Jun 9, 2022 | | 0 comments

သိသင့်သိထိုက်သော အရာဌာနကို မသိတတ်သော, မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သော တရားသည် “အဝိဇ္ဇာ” မည်၏၊ ထို အဝိဇ္ဇာမည်သော မောဟသည် သစ္စာ ၄-ပါးကိုလည်း မသိအောင် ဖုံးလွှမ်းတတ်သည်၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစု၊ အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့ အစု၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစုနှင့် အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့၊ ဤတရား ၃-မျိုးကိုလည်း မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သည်၊ ပဋိစ္စသမုပ္ပါဒ်တရားသဘောကိုလည်း မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သည်။ ဤ ၈-ဌာနတို့နှင့် စပ်လျဉ်း၍ မသိမြင်ခြင်းမျိုးကိုသာ “အဝိဇ္ဇာ”ဟု ခေါ်ရသည်၊ ဉာဏ်ကြီးရှင်တို့၏ အရာဖြစ်သော အချက်အလက်များကို ပိုင်ပိုင်နိုင်နိုင် မသိခြင်းမှာ “အဝိဇ္ဇာ” မဟုတ်ပါ။

အဏ္ဍဇသတ္တဝါ

ဥခွံ၌ဖြစ်သော သတ္တဝါ၊ ကြက်, ငှက်-စသော သတ္တဝါမျိုး။

အနာဂါမ်

အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် "အနာဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက် ဒေါသလည်း...

အဇ္ဈတ္တသန္တာန်

သက်ရှိသတ္တဝါတို့၏ ရုပ်ခန္ဓာအစဉ်ကို "အဇ္ဈတ္တသန္တာန်"ဟု ခေါ်သည်။