အဝိဇ္ဇာ ၁

by | Jun 9, 2022 | အ | 0 comments

သိသင့်သိထိုက်သော အရာဌာနကို မသိတတ်သော, မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သော တရားသည် “အဝိဇ္ဇာ” မည်၏၊ ထို အဝိဇ္ဇာမည်သော မောဟသည် သစ္စာ ၄-ပါးကိုလည်း မသိအောင် ဖုံးလွှမ်းတတ်သည်၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစု၊ အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့ အစု၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစုနှင့် အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့၊ ဤတရား ၃-မျိုးကိုလည်း မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သည်၊ ပဋိစ္စသမုပ္ပါဒ်တရားသဘောကိုလည်း မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သည်။ ဤ ၈-ဌာနတို့နှင့် စပ်လျဉ်း၍ မသိမြင်ခြင်းမျိုးကိုသာ “အဝိဇ္ဇာ”ဟု ခေါ်ရသည်၊ ဉာဏ်ကြီးရှင်တို့၏ အရာဖြစ်သော အချက်အလက်များကို ပိုင်ပိုင်နိုင်နိုင် မသိခြင်းမှာ “အဝိဇ္ဇာ” မဟုတ်ပါ။

အရဟတ္တမဂ်စိတ်

အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။

အာဟာရဇကလာပ် ၂ စည်း

၁။သုဒ္ဓဋ္ဌကကလာပ်၊ ၂။လဟုတာဒေကာဒသကကလာပ်။ (အာဟာရဇရုပ် ၁၂ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော် လဟုတာဒေကာဒသကကလာပ်ဟု...

အာသန္န ကံ

သေခါနီးကာလ၌ အောက်မေ့အပ်၊ ပြုအပ်သော ကံသည် "အာသန္န ကံ"မည်၏။

အနုပါဒိန္နရုပ်

တိဇရုပ်("စိတ် , ဥတု, အာဟာရ"ဟူသော အကြောင်း ၃-ပါးကြောင့် ဖြစ်သော ရုပ်)ဖြစ်သည်။

အတပ္ပာ

မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အေးမြသော ဗြဟ္မာများ။

အာကာသာနဉ္စာယတန

အာကာသာနဉ္စာယတန-ဟူသော ပုဒ်သည် အာကာသ+အာနဉ္စ+အာယတန-ဟူသော ပုဒ်တို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ အာကာသ= ကောင်းကင်း (ဟင်းလင်းပြင်) ဟူသော အာရုံ၊ အာနဉ္စ= အဆုံးမရှိ၊ အာယတန= (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်း-ဟု တစ်လုံးချင်း အဓိပ္ပါယ် ရှိ၏။ ထိုသုံးပုဒ်ပေါင်း၏...