အပ္ပမညာကမ္မဋ္ဌာန်း

by | Jun 9, 2022 | | 0 comments

ဤမျှသော သတ္တဝါကိုသာ အာရုံပြုသည်၊ ဤမျှသော သတ္တဝါကို အာရုံမပြု၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို အာရုံပြုသည့်အခါမှာလည်း အထက်ပိုင်းကိုသာ အာရုံပြုသည်၊ အောက်ပိုင်းကို အာရုံမပြု၊ ဤသို့ စသည်ဖြင့် အရေအတွက်အားဖြင့်လည်း ပိုင်းခြားကန့်သတ်မှု မရှိ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းအားဖြင့်လည်း ပိုင်းခြားကန့်သတ်မှုမရှိသော သတ္တဝါများကို “အပ္ပမာဏ”ဟု ခေါ်သည်။ ထိုသို့ ပိုင်းခြားကန့်သတ်မှု မရှိသော “အပ္ပမာဏ”ခေါ်ဆိုရသော သတ္တဝါ ဆိုသူကို အာရုံပြု၍ ဖြစ်သော ကမ္မဋ္ဌာန်းကို “အပ္ပမညာကမ္မဋ္ဌာန်း”ဟု ခေါ်သည်။

အညိန္ဒြေ ၂

အထက်မဂ် ၃-ခု, အောက်ဖိုလ် ၃-ခု၌ရှိသော ပညာစေတသိက်။

အဒေါသ

မခက်ထန် မကြမ်းတမ်းခြင်းသဘော။

အတပ္ပာ

မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အေးမြသော ဗြဟ္မာများ။