အပ္ပဏိဟိတဝိမောက္ခ

by | Jun 9, 2022 | အ | 0 comments

တဏှာ-တည်းဟူသော တောင့်တခြင်း ကင်းသည်ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် အပ္ပဏိဟိတဝိမောက္ခမည်၏။

အတ္ထိပစ္စယော

ထင်ရှားရှိသည်၏ အဖြစ်ဖြင့် (ထင်ရှားရှိသည်သာလျှင် ဖြစ်သော တရားအား ထောက်ပံ့လျက်) ကျေးဇူးပြုတတ်သော...

အပစာယန

အသက်, သိက္ခာ, ဂုဏ်ကြီးသူတို့အား အရိုအသေပြုမှု(လေးစားမှု)။

အပ္ပနာ

ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သော တရား။

အရူပါဝစရဘုံ

အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရဘုံ မည်၏။

အဟိတ်စိတ်

အဟိတ်စိတ်-ဟူသော ပုဒ်သည် အဟေတုက+စိတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ်...

အရူပါဝစရကုသိုလ်ကံ

အရူပါဝစရကုသိုလ်စိတ်၌ ရှိသော စေတနာစေတသိက် ဖြစ်သည်။ အရူပါဝစရကုသိုလ်ကံသည် မနောကံသာ ရှိသည်။