ပိုင်းခြားထားသော ကာလပတ်လုံး ဈာန်ကို မိမိသန္တာန်၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း။ ရည်မှန်းထားသော အချိန်ကာလမတိုင်မီ ဘဝင်မကျအောင် တားဆီးထားနိုင်သော ဝသီဘော် ဖြစ်သည်။
အဟိတ်ကြိယာ
အဟိတ်ကြိယာ-ဟူသော ပုဒ်သည် အဟေတုက+ကြိယာ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားမရှိသော ၊ကြိယာ= ပြုကာမျှသာ ဖြစ်သော၊ ဝါ- အကျိုးမပေးတော့သော-ဟု...