အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

by | Jun 9, 2022 | | 0 comments

အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို “အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အရဟတ္တမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို ဆိုလိုသည်။

အတပ္ပာ

မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အေးမြသော ဗြဟ္မာများ။

အညမညပစ္စယော

အချင်းချင်း ဖြစ်စေခြင်း,ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြု တတ်သော တရား။

အဟိတ်ကြိယာစိတ် ၃ ပါး

၁။ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ ၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်၊ ၃။သောမနဿသဟဂုတ်...

အဘိဓမ္မာ

ဝိနည်းပိဋက နှင့် သုတ္တန်ပိဋကတို့ထက် ထူးကဲသော တရား(အဘိ-ထူးကဲသော၊ဓမ္မ-တရား)