ကင်္ခါဝိတရဏဝိသုဒ္ဓိ

by | Jun 9, 2022 | က | 0 comments

ပစ္စယပရိဂ္ဂဟဉာဏ် (နာမ်ရုပ်ဖြစ်ကြောင်းကို သိမြင်ပြီး ဆုံးဖြတ်နိုင်သော ဉာဏ်) သည်ပင်လျှင် “ငါဟာ ရှေးက ဖြစ်မှ ဖြစ်ဖူးခဲ့ရလား?” စသော ၁၆-ပါးသော ယုံမှားမှု, အလုံးစုံကို သိနိုင်တဲ့ ဘုရားဆိုတာ ရှိမှ ရှိနိုင်ပါ့မလား?” စသော ၈-ပါးသော ယုံမှားမှုတို့ကို လွန်မြောက်ပယ်ခွာလျက် အကြောင်းကင်းလျက် ဖြစ်၏ ဟူသော အယူ၊ မသင့်သော အကြောင်းကြောင့် ဖြစ်၏ဟူသော အယူဟူသော အညစ်အကြေးမှ စင်ကြယ်ခြင်းကြောင့် “ကင်္ခါဝိတရဏဝိသုဒ္ဓိ” မည်သည်။

ကာယလဟုတာ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ လျင်မြန် ပေါ့ပါးခြင်းသဘော။

ကုသိုလ်မနောကံ

ကိုယ်လည်းမလှုပ်၊ နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော ကုသိုလ်ကံ။

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကာယဝိညာဏဝီထိ

ကာယဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ကာယဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ကာယဒွါရဝီထိစိတ်တို့ပင်...

ကမ္မဘဝ ၁

ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...