အဒွါရရုပ်

by | Jun 9, 2022 | | 0 comments

တံခါးနှင့် မတူသော ရုပ်များ။ (ဝီထိစိတ်၏ဖြစ်ကြောင်း ကာယကံ, ဝစီကံ၏ အထမြောက်ကြောင်း မဟုတ်သောကြောင့် ကျန် ၂၁ ပါးသော ရုပ်တို့သည် “အဒွါရရုပ်” မည်ကြသည်။)

အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်

အနာဂါမိမဂ္ဂါနန္တရဖိုလ်မှ စ၍ အရဟတ္တမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီ ပုဂ္ဂိုလ်ကို "အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်"ဟု...

အပ္ပမာဏသုဘာ

အတိုင်းအရှည်ပမာဏမရှိ တင့်တယ်သော ကိုယ်ရောင်ရှိသော ဗြဟ္မာများသည် အပ္ပမာဏသုဘာမည်ကုန်၏။

အာဟာရဇရုပ် ၁၂ ပါး

လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၂ ပါး ဖြစ်သည်။

အနုဿတိ ၁

အဖန်တလဲလဲ အောက်မေ့မှု အမှတ်ရမှုသည် အနုဿတိမည်၏။