လွန်ခဲ့ရာကာလ၌ ဖြစ်သော ဘဝင်စိတ်ကို “အတီတဘဝင်”ဟု ခေါ်သည်။ (ပါဠိ-အတီတဘဝင်္ဂ။အတီတ- အာရုံထင်လာရာ ကာလကို ထောက်၍ လွန်ခဲ့ပြီးသော+ဘဝင်္ဂ- ဘဝင်။)
အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အနာဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...
