အဋ္ဌိက အသုဘ ကမ္မဋ္ဌာန်း

by | Jun 9, 2022 | | 0 comments

အရိုးသာ ကျန်သော သူသေကောင်ကို “အရိုးသာ ကျန်သော သူသေကောင်၊အရိုးသာ ကျန်သော သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် အဋ္ဌိက အသုဘ ကမ္မဋ္ဌာန်း မည်၏။

အဘိဇ္ဈာကာယဂန္ထ ၁

အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း, လိုချင်ခြင်းသည် "အဘိဇ္ဈာ"မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးစည်းစိမ်ဥစ္စာကို မတရား လိုချင်သော လောဘကို အဘိဇ္ဈာ-ဟု ခေါ်သည်။၊ ဤ၌ကား လောဘဟူသမျှကိုပင် အဘိဇ္ဈာ-ဟု ခေါ်သည်။ (အဘိ-ရှေးရှု+ဈာ-ကြံစည်ခြင်း။) ထိုအဘိဇ္ဈာသည် သတ္တဝါတို့၏ နာမကာယနှင့်...

အညသမာန်းစေတသိက်

အဆိုးအကောင်း (သောဘန၊အသောဘန) စိတ်နှစ်မျိုးလုံးနှင့် ယှဉ်တွဲဖြစ်သည့် စေတသိက်များ-

အဝိဇ္ဇာသံယောဇဉ် ၁

ဉာဏ်၏ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အဝိဇ္ဇာသံယောဇဉ်...

အာဟာရဇရုပ်

အာဟာရကြောင့်ဖြစ်သော ရုပ်။(ဩဇာ-ဟူသော အာဟာရသည် စားမျိုလိုက်သည့်အခါ သူ၏ ဌီသို့ ရောက်မှသာ အာဟာရဇ ရုပ်ကို ဖြစ်စေသည်၊ ထိုအာဟာရကြောင့်ဖြစ်သော ရုပ်ကို "အာဟာရဇရုပ်"ဟု...

အနာဂါမ်

အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် "အနာဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက် ဒေါသလည်း...

အပ္ပနာ မည်သော တရားများ

အပ္ပနာဟူသည် ဝိတက်စေတသိက်၏ အမည် ဖြစ်သည်။ ဝိတက်သည် ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သောကြောင့် အပ္ပနာဟူသော အမည်ကို ရသည်။ ပဌမဈာန်နှင့် ယှဉ်သော စိတ်တို့သည်လည်း ဝိတက်နှင့် အတူယှဉ်တွဲဖြစ်သောကြောင့် အပ္ပနာအမည်ကို ရသည်။ သဒိသူပစာအားဖြင့် ဒုတိယဈာန်-စသည်တို့သည်လည်း ပထမဈာန်နှင့်...