သောတဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။သောတဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် သောတဒွါရဝီထိစိတ်တို့ပင် ဖြစ်သည်။
သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်
သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ သကဒါဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို "သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ သောတာပတ္တိမဂ်စိတ် ဖြစ်ပြီးနောက် သကဒါဂါမိမဂ်မဖြစ်မီ အတွင်းကို သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ...
