သုဂတိဘုံ

by | Jun 9, 2022 | သ | 0 comments

ကောင်းသော လားရောက်ရာဘုံကို “သုဂတိဘုံ”ဟု ခေါ်သည်။ (သု-ကောင်းသော၊ တင့်တယ်သော+ဂတိ-လားရောက်ရာဘုံ။)။တစ်နည်း-ကောင်းမှုရှိသော သူတို့၏ လားရောက်ရာ ဘုံ။(သု-ကောင်းသော သူတို့၏+ဂတိ-လားရောက်ရာ ဘုံ။)

သမ္မာဝါယာမ ၁

မှန်စွာ အားထုတ်မှု ဝီရိယစေတသိက်သည် "သမ္မာဝါယာမမဂ္ဂင်"မည်၏။

သီလာနုဿတိ

(မိမိ၏) သီလကို အာရုံပြု၍ဖြစ်သော အနုဿတိသည် သီလာနုဿတိ မည်၏၊ မိမိဆောက်တည်ထားသော သီလကို အာရုံပြု အမှတ်ရနေမှု...

သကဒါဂါမိမဂ္ဂဋ္ဌာန်

သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို "သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်" ဟု ခေါ်သည်။ သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သကဒါဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...