ဥပါဒါန် ၄-ပါး

by | Jun 9, 2022 | ဥ | 0 comments

၁။ ကာမုပါဒါန်၊ ၂။ ဒိဋ္ဌုပါဒါန်။ ၃။ သီလဗ္ဗတုပါဒါန်။ ၄ အတ္တဝါဒုပါဒါန်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဥပေက္ခာသဟဂုတ်

ဥပေက္ခာသဟဂုတ်ဟူသော ပုဒ်သည် ဥပေက္ခာ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသည်။ ဥပေက္ခာ= ဥပေက္ခာဝေဒနာနှင့်၊ ဝါ- လျစ်လျူရှုသော ဝေဒနာနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု...

ဥတုဇရုပ် ၁၃ ပါး

သဒ္ဒရုပ် ၁၊ လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၃ ပါး။

ဥတုဇရုပ်

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...

ဥတုဇကလာပ် ၄ စည်း

၁။သုဒ္ဓဋ္ဌကကလာပ်၊၂။ သဒ္ဒနဝကကလာပ်၊ ၃။လဟုတာဒေကာဒသကကလာပ်၊ ၄။သဒ္ဒလဟုတာဒိဒွါဒသကကလာပ်။( ဥတုဇကလာပ် ၄ စည်းဥတုဇရုပ် ၁၃ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ သဒ္ဒရုပ်နှင့် ပေါင်းစည်းသော် သဒ္ဒနဝကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော်...