ဥပါဒါန်၁

by | Jun 9, 2022 | | 0 comments

ဖားကို မြွေခဲသကဲ့သို့ အာရုံကို လွတ်မသွားအောင် စွဲမြဲခိုင်မာစွာ ယူတတ်သော၊ အာရုံပြုတတ်သော တရား၊ အာရုံကို စုံစုံမက်မက် နှစ်သက်စွဲလမ်းမှု၊ ၎င်းကို ဥပါဒါန်-ဟု ခေါ်သည်။ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်တို့ပင် ဖြစ်သည်။

ဥပစ္ဆေဒကမရဏ

ကပ်၍ ဖြတ်တတ်သော ကံတစ်မျိုးမျိုးကြောင့် စုတေခြင်း။

ဥပပီဠက ကံ

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...

ဥပစာ ၁

ဥပစာ-ဟူသည် ဈာန်၏အနီး၌ဖြစ်သော စိတ် ဖြစ်သည်၊ အပ္ပနာဟူသော ဈာန်၏ အနီး၌ ဖြစ်တတ်သော စိတ်သည် ဥပစာမည်၏။