ဥပစာရသမာဓိဇော မုချ မည်သော တရား

by | Jun 9, 2022 | | 0 comments

ဈာန် မဂ်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကုသိုလ်ဇော, ဈာန်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကြိယာဇောတို့သည် ဉာဏ်နှင့်ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈-ပါးတို့တွင် တစ်ပါးပါးကသာ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူဟု လေးကြိမ်သော်လည်းကောင်း၊ ဥပစာ အနုလုံ ဂေါတြဘူဟု သုံးကြိမ်သော်လည်းကောင်း စောရသည် (ဖြစ်ရသည်)၊ ဤပရိကံစသော ဇောများကိုပင် “ဥပစာရသမာဓိဇောများ”ဟု ခေါ်ကြသည်။

ဥပစာ ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

ဥဒ္ဓစ္စသမ္ပယုတ်

ဥဒ္ဓစ္စသမ္ပယုတ်-ဟူသော ပုဒ်သည် ဥဒ္ဓစ္စ+သမ္ပယုတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဥဒ္ဓစ္စသမ္ပယုတ်ဟူသည် ဥဒ္ဓစ္စ= ပျံ့လွင့်ခြင်းနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ဥပလဘိတဗ္ဗဂတိနိမိတ်

တိုက်ရိုက် ရောက်ထိုက်သော အရပ်ကို "ဥပလဘိတဗ္ဗ"ဟု ခေါ်သည်၊ လူ့ဘုံသွားမည့်သူဖြစ်လျှင် အမိဝမ်းရေ, ငရဲပြည်သွားမည့်သူဖြစ်လျှင် ငရဲဘုံ, ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တော တောင်စသည်, နတ်ပြည် သွားမည့်သူဖြစ်လျှင် နတ်ဗိမာန်-...

ဥပဘောဂဂတိနိမိတ်

ထိုထိုဘုံဘဝ၌ တွေ့ကြုံရမည့် အတွင်း, အပ အသုံးအဆောင် အခြံအရံများကို "ဥပဘောဂ"ဟု ခေါ်သည်၊ ခွေး, ကျီး, ငရဲမီးလျှံ, နတ်သီ္မး, နတ်သား, ပဒေသာပင် -...

ဥပါဒါရုပ်

မဟာဘုတ် ၄-ပါးကို မှီ၍ ဖြစ်သော ရုပ်ကို "ဥပါဒါရုပ်"ဟု ခေါ်သည်၊ ဤဥပါဒါရုပ်သည် မဟာဘုတ်ကို ခြယ်လှယ် အမွှမ်းတင်သော...