ဥပစာရသမာဓိဇော

by | Jun 9, 2022 | | 0 comments

ဥပစာရ= ဈာန် မဂ် ဖိုလ်တို့၏ အနီး၌ ဖြစ်သော၊ သမာဓိ= တည်ကြည်သော၊ ဇော-ဇောစိတ်များ။

ဥပါဒါန်

စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရား။ (မြွေက ဖားကို ဖမ်းထားသကဲ့သို့ မစွန့်နိုင် မလွှတ်ရက်ဘဲ စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရားကို "ဥပါဒါန=ဥပါဒါန်"ဟု...

ဥပပတ္တိဘဝ ၁

ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင်...

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။

ဥပပီဠက ကံ

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...

ဥပသမာနုဿတိ

သင်္ခါရအားလုံး ငြိမ်းရာနိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဥပသမာနုဿတိ မည်၏၊ နိဗ္ဗာန်ကို အာရုံပြု အမှတ်ရနေမှု...