စိမ်ရည် အရက်နှင့်တူသော တရား။ (အာသဝသဒ္ဒါ၏ ဟောရင်းအနက်မှာ စိမ်ရည်အရက်ပင် ဖြစ်သည်၊ ဤအရာ၌ ယင်း စိမ်ရည် အရက်နှင့်တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟ-တို့ကို “အာသဝ”ဟု ဆိုထားသည်။)
အာကာသာနဉ္စာယတန
အာကာသာနဉ္စာယတန-ဟူသော ပုဒ်သည် အာကာသ+အာနဉ္စ+အာယတန-ဟူသော ပုဒ်တို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ အာကာသ= ကောင်းကင်း (ဟင်းလင်းပြင်) ဟူသော အာရုံ၊ အာနဉ္စ= အဆုံးမရှိ၊ အာယတန= (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်း-ဟု တစ်လုံးချင်း အဓိပ္ပါယ် ရှိ၏။ ထိုသုံးပုဒ်ပေါင်း၏...