အာကာသာနဉ္စာယတန ကုသိုလ်ဈာန်စိတ်

by | Jun 9, 2022 | အ | 0 comments

(ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်းဖြစ်သော၊ အဆုံးမရှိသော၊ ကောင်းကင် (ဟင်းလင်းပြင်) ဟူသော အာရုံကို အာရုံပြုကာ ပွားများ၍ ဖြစ်ပေါ်လာသော ကုသိုလ်ဈာန်စိတ်။

အာယတန

စိတ်, စေတသိက်တို့၏ ဖြစ်ကြောင်းတရား။

အဗျာပါဒ

ဗျာပါဒမဖြစ်အောင် စောင့်စည်းခြင်း။

အဝိဂတပစ္စယော

မကင်းပျောက်သေးသည်၏ အဖြစ်ဖြင့် (မကင်းပျောက်သေးသည် သာလျှင် ဖြစ်သော တရားအား ထောက်ပံ့လျက်) ကျေးဇူးပြုတတ်သော...

အာသဝ

စိမ်ရည် အရက်နှင့်တူသော တရား။ (အာသဝသဒ္ဒါ၏ ဟောရင်းအနက်မှာ စိမ်ရည်အရက်ပင် ဖြစ်သည်၊ ဤအရာ၌ ယင်း စိမ်ရည် အရက်နှင့်တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟ-တို့ကို "အာသဝ"ဟု...

အဟိတ်စိတ် ၁၈ ပါး

အကုသလဝိပါက်စိတ် ၇ ပါး၊ အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ပေါင်း ၁၈ ပါး။ အကုသလဝိပါက်စိတ် ၇ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

အာဟာရရုပ်

အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် "အာဟာရရုပ်"မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ "အာဟာရရုပ်"ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် "ဩဇာ"ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို...