ဟင်းလင်းပြင် အဝိုင်းငယ်ကို (ဟင်းလင်းပြင်၊ဟင်းလင်းပြင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် အာကာသကသိုဏ်း ကမ္မဋ္ဌာန်း မည်၏။
အရူပရာဂသံယောဇဉ် ၁
အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို "အရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ်...