အဟိတ်စိတ်-ဟူသော ပုဒ်သည် အဟေတုက+စိတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ် ရသည်။
အာဇီဝပါရိသုဒ္ဓိသီလ
"ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး" ပစ္စည်း ၄-ပါးတို့ကို မအပ်မစပ် မတရားသောနည်းဖြင့် မရှာဖွေဘဲ အပ်စပ်သောနည်း၊ တရားသော နည်းဖြင့်သာလျှင် ရှာဖွေသုံးဆောင်မှုသည် "အာဇီဝပါရိသုဒ္ဓိသီလ" မည်၏၊ မှားယွင်းသော အသက်မွေးမှု မတရားအသက်မွေးမှုမှ ရှောင်ကြဉ်သဖြင့် အသက်မွေးဝမ်းကျောင်းမှု...