အဟိတ်ကုသလဝိပါက်-ဟူသည် အဟေတုက+ကုသလ+ဝိပါက-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ ကုသလ+ဝိပါက= ကုသိုလ်၏+အကျိုးဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်၏အကျိုးလည်း ဖြစ်သော (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားလည်း မရှိသော-ဟု ဆိုလိုသည်။
အာသဝ
စိမ်ရည် အရက်နှင့်တူသော တရား။ (အာသဝသဒ္ဒါ၏ ဟောရင်းအနက်မှာ စိမ်ရည်အရက်ပင် ဖြစ်သည်၊ ဤအရာ၌ ယင်း စိမ်ရည် အရက်နှင့်တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟ-တို့ကို "အာသဝ"ဟု...