ရူပါဝစရဈာန် ငါးပါးကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် “ရုပ်ဟူသော အကြောင်းကြောင့် (သူတပါးကို နှိပ်စက်ရန်) ဒုတ်ကို စွဲကိုင်ခြင်း၊ (ဓား လှံ စသော) လက်နက်ကို စွဲကိုင်ခြင်း၊ ရန်ဖြစ်ခြင်း၊ အယူအဆ အထင်အမြင် ကွဲပြားခြင်း၊ ငြင်းခုံခြင်းများ ဖြစ်ကြရသည်၊ ဤ အလုံးစုံသည် ရုပ်မရှိသည့် အရူပဘုံ၌ လုံးဝပင် မရှိကြပေ”ဟု ဆင်ခြင်၍လည်းကောင်း၊ “ရုပ်၌ မျက်စိရောဂါ နားရောဂါ စသော အထောင်မက များစွာသော အနာတို့ ဖြစ်ပေါ်လာကြကုန်၏”ဟု ရုပ်၏ အပြစ်ကို ရှုမြင်၍လည်းကောင်း ထိုရုပ်ကို လွန်မြောက်ရန် အတွက်၊ ထိုရုပ်မရှိရာ အရူပဗြဟ္မာ့ဘုံသို့ ရောက်ရန်အတွက် ဆိုင်ရာ ကမ္မဋ္ဌာန်းတရားကို ပွားများ အားထုတ်၍ ရသော ဈာန်ကို အရူပါဝစရဈာန်-ဟု ခေါ်သည်။
အာဝဇ္ဇနဝသီဘော်
အဆင့်ဆင့်အထပ်ထပ် ဈာန်အင်္ဂါကို ဆင်ခြင်နိုင်ခြင်း၊ ဤဝသီဘော်သို့ ရောက်ပါက မနောဒွါရာဝဇ္ဇန်းနောက် ဇောငါးကြိမ်/ လေးကြိမ်၊ ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်းတွင် ဈာန်အင်္ဂါကို...