အရဟတ္တမဂ်-ဟူသော ဝေါဟာရသည် အရဟတ္တ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ အရဟတ္တ-ရဟန္တာ ဖြစ်ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ရဟန္တာ ဖြစ်တော့၏။ သို့ဖြစ်၍ ဤမဂ်သည် ရဟန္တာ ဖြစ်ကြောင်း ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို အရဟတ္တမဂ်-ဟု ခေါ်သည်။
အနာဂါမ်
အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် "အနာဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက် ဒေါသလည်း...