အပ္ပမညာ စေတသိက် ၂ ပါး

by | Jun 9, 2022 | အ | 0 comments

၁။ ကရုဏာ၊ ၂။ မုဒိတာ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အနိစ္စ

သင်္ခါရတရားတို့၏ မမြဲခြင်းသဘောလက္ခဏာ။

အာရုံ

စိတ်, စေတသိက်တို့၏ မွေ့လျော်ရာ။

အနာဂါမိမဂ်

အနာဂါမိမဂ်-ဟူသော ဝေါဟာရသည် န+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ န+အာဂါမီ- (ဤကာမဘုံသို့) ပြန်မလာတော့ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ကာမဘုံ၌ တက်မက်မှှုကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ စုတေပြီးနောက် ကာမဘုံသို့ ပဋိသန္ဓေ...

အနုသယ

သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသော ကိလေသာကို "အနုသယ"ဟု ခေါ်သည်။