အပ္ပဏိဟိတာနုပဿနာ

by | Jun 9, 2022 | | 0 comments

“ဒုက္ခ”ဟု ရှုသော ဝိပဿနာသည် တောင့်တတတ်သော တဏှာကို ပယ်ခွာနိုင်သောကြောင့် “အပ္ပဏိဟိတာနုပဿနာ”ဟူသော အမည်ကိုရလျက် ဝိမောက္ခသို့ ဝင်ရာလမ်းပေါက် (ဂိတ်ဝ) တစ်မျိုးဖြစ်သည်၊ (အပ္ပဏိဟိတ= တောင့်တဖွယ်မရှိဟု + အနုပဿနာ= ရှုတတ်သော ဉာဏ်။)

အနုပါဒိန္နရုပ်

တိဇရုပ်("စိတ် , ဥတု, အာဟာရ"ဟူသော အကြောင်း ၃-ပါးကြောင့် ဖြစ်သော ရုပ်)ဖြစ်သည်။

အရူပါဝစရကုသိုလ်စိတ်

အရူပဗြဟ္မာဘဝသို့ ရောက်စေနိုင်သော၊ အရူပဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေနေရခြင်းကို ဖြစ်စေနိုင်သော...

အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အရဟတ္တမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အရဟတ္တမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အဗျာကတဟိတ်

ဝိပါက် ကြိယာ ဗျာကတနှင့် ယှဉ်တွဲ၍ ဖြစ်သော ဟိတ်။

အဟိတ်ကုသလဝိပါက်

အဟိတ်ကုသလဝိပါက်-ဟူသည် အဟေတုက+ကုသလ+ဝိပါက-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ ကုသလ+ဝိပါက= ကုသိုလ်၏+အကျိုးဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်၏အကျိုးလည်း ဖြစ်သော (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားလည်း...