“အနုလောမဉာဏ်”ဟူသည်မှာလည်း “ပရိကမ်, ဥပစာ, အနုလုံ” အမည်ရသော ရှေးဉာဏ် ကိုးပါးတို့၏ ကိစ္စပြီးခြင်းအားလည်းကောင်း၊ ဗောဓိပက္ခိယတရားတို့အားလည်းကောင်း လျော်သော ဝိပဿနာဉာဏ်များပင် ဖြစ်ကြသည်။==
အဟိတ်ကုသလဝိပါက်
အဟိတ်ကုသလဝိပါက်-ဟူသည် အဟေတုက+ကုသလ+ဝိပါက-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ ကုသလ+ဝိပါက= ကုသိုလ်၏+အကျိုးဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်၏အကျိုးလည်း ဖြစ်သော (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားလည်း...