မသိဘူးသေးသော သစ္စာလေးပါး နိဗ္ဗာန်တရားကို သိအောင် ကျင့်အံ့ဟု အားထုတ်ခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အနညာတံ- မသိအပ်ဘူးသော သစ္စာ ၄-ပါးကို+ဉဿာမီတိ- သိအံ့-ဟု ဖြစ်သော ဣန္ဒြေ)။
အပရာပရိယဝေဒနီယ ကံ
တတိယဘဝမှ စ၍ နိဗ္ဗာန်မရမီအတွင်း ဘဝတစ်ခုခု၌ အကျိုးပေးမည်ဖြစ်သော ကံသည် "အပရာပရိယဝေဒနီယ ကံ" မည်၏။ထိုကံသည် အလယ်ဇော ၅-ချက်စေတနာ...