အကုသိုလ်စေတသိက် ၁၄ ပါး

by | Jun 9, 2022 | | 0 comments

၁။ မောဟ၊ ၂။ အဟိရိက၊ ၃။ အနောတ္တပ္ပ၊ ၄။ ဥဒ္ဓစ္စ၊ ၅။ လောဘ၊ ၆။ ဒိဋ္ဌိ၊ ၇။ မာန၊ ၈။ ဒေါသ၊ ၉။ ဣဿာ၊ ၁၀။ မစ္ဆရိယ၊ ၁၁။ ကုက္ကုစ္စ၊ ၁၂။ ထိန၊ ၁၃။ မိဒ္ဓ၊ ၁၄။ ဝိစိကိစ္ဆာ။(၎င်းတို့၏ အဓိပ္ပါယ်ကို စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အကုသိုလ်မနောကံ

ကိုယ်လည်းမလှုပ်, နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော အကုသိုလ်ကံ "အကုသိုလ်မနောကံ"မည်၏။

အဒွါရရုပ်

တံခါးနှင့် မတူသော ရုပ်များ။ (ဝီထိစိတ်၏ဖြစ်ကြောင်း ကာယကံ, ဝစီကံ၏ အထမြောက်ကြောင်း မဟုတ်သောကြောင့် ကျန် ၂၁ ပါးသော ရုပ်တို့သည် "အဒွါရရုပ်"...

အဟိတ်စိတ်

အဟိတ်စိတ်-ဟူသော ပုဒ်သည် အဟေတုက+စိတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ်...

အနိဒဿနရုပ်

စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းသော ရုပ်ကို "အနိဒဿနရုပ်"ဟု ခေါ်သည်။

အနုဿတိ ၁

အဖန်တလဲလဲ အောက်မေ့မှု အမှတ်ရမှုသည် အနုဿတိမည်၏။