အကုသိုလ်စေတသိက်

by | Jun 9, 2022 | | 0 comments

အကုသိုလ်စိတ်တို့နှင့်သာ ထိုက်သလို ယှဉ်တွဲ၍ ဖြစ်သော စေတသိက်များ၊ စိတ်ဆိုးစိတ်ညစ်ကို ဖြစ်စေတတ်သော သဘောတရားများ

အနာဂါမ်

အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် "အနာဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက် ဒေါသလည်း...

အရူပါဝစရဘုံ

အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်၍ သတ္တဝါတို့ ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရဘုံ မည်၏။

အာဝဇ္ဇန်းကိစ္စ

အာရုံအသစ်ကို ဆင်ခြင်ခြင်း အလုပ်သည် အာဝဇ္ဇန်းကိစ္စ မည်၏၊ တစ်နည်း ဘဝင်အစဉ်ကို ပြန်လည်စေခြင်း(ရပ်တန့်စေခြင်း) အလုပ်သည် အာဝဇ္ဇန်းကိစ္စ...

အနိဒဿနရုပ်

စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းသော ရုပ်ကို "အနိဒဿနရုပ်"ဟု ခေါ်သည်။