သံဃာတော်၏ ဂုဏ်ကို အာရုံပြု၍ ဖြစ်သော အနုဿတိသည် သံဃာနုဿတိ မည်၏၊ သံဃာဂုဏ်တော်များကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။
သတိပဋ္ဌာန်
မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်သော သတိထူးကို သတိပဋ္ဌာန်-ဟု ခေါ်သည်။
သံဃာတော်၏ ဂုဏ်ကို အာရုံပြု၍ ဖြစ်သော အနုဿတိသည် သံဃာနုဿတိ မည်၏၊ သံဃာဂုဏ်တော်များကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။
မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်သော သတိထူးကို သတိပဋ္ဌာန်-ဟု ခေါ်သည်။
ပသာဒရုပ်များဖြစ်သော စက္ခာယတနစသော ငါးပါး၊ လောကီဝိပါက် ၃၂ပါးဟူသော မနာယတနအားဖြင့် အာယတန ၆ ပါး။
သဗ္ဗ- အလုံးစုံသော+စိတ္တ- စိတ်နှင့်+ သာဓာရဏ- ဆက်ဆံသော (ယှဉ်တွဲဖြစ်သော) စေတသိက်။
သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို "သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်" ဟု ခေါ်သည်။ သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သကဒါဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...
ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို လျစ်လျူရှုခြင်း၊ မဖြစ်စေခြင်းအားဖြင့် ဖြစ်သော...
ခန္ဓာငါးပါး သင်္ခါတရားတို့၌ အတ္တဇီဝမှ ဆိတ်(သုဉ်း)သည် ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။ (သုညတ= အတ္တမှ ဆိတ်သုဉ်းသည်၊ ဝိမောက္ခ= သံယောဇဉ်-စသည်တို့မှ...