ဝိသယပ္ပဝတ္တိ ၆ ပါး

by | Jun 9, 2022 | | 0 comments

၁။ အတိမဟန္တာရုံဝီထိ၊ ၂။ မဟန္တာရုံဝီထိ၊ ၃။ ပရိတ္တာရုံဝီထိ၊ ၄။ အတိပရိတ္တာရုံဝီထိ၊ ၅။ ဝိဘူတာရုံဝီထိ၊ ၆။ အဝိဘူတာရုံဝီထိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှု။)

ဝိရတီ

မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်ခြင်းသဘော။

ဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ဒြပ်ကို နှစ်မျိုးပေါင်းစပ်၍ သိစေတတ်သော "အဘိညာဏ်+ရသူ" စသော...

ဝိညာဏ် ၂

ပဋိသန္ဓေအခါ, ပဝတ္တိအခါတို့၌ ထိုက်သည်အားလျော်စွာဖြစ်သော လောကီဝိပါက် ၃၂-ပါး။

ဝေယျာဝစ္စ

သူတစ်ပါး၏ ကောင်းမှုကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု။