ဝိစိကိစ္ဆာနီဝရဏ ၁

by | Jun 9, 2022 | | 0 comments

စိတ်ကို ယုံမှားအောင်ပြုတတ်သော ဝိစိကိစ္ဆာသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဝိစိကိစ္ဆာနီဝရဏ မည်၏။

ဝဋ်မြစ်

ဝဋ်တရား၏ အရင်းခံအကြောင်းတရားကို ဝဋ်မြစ်-ဟု ခေါ်သည်၊ မူလ-ဟုလည်း ခေါ်သည်။

ဝစီဝိညတ်

နှုတ်ဖြင့် (စကားသံဖြင့်) သိစေတတ်သော အမူအရာ အထူးသည် "ဝစီဝိညတ်"မည်၏။

ဝိဘဝတဏှာ ၁

သေပြီးနောက် အတ္တနှင့် လောကသည် ပြတ်စဲ၏-ဟူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဝိဘဝတဏှာ" မည်၏။

ဝေါဋ္ဌဗ္ဗနဝါရ

ဝုေဋ္ဌာအဆုံးရှိသော ဝီထိစိတ်တို့၏ အလှည့်အကြိမ်ကို ပြသော ပရိတ္တာရုံဝီထိကို "ဝေါဋ္ဌဗ္ဗနဝါရ"ဟု...

ဝေဒနာနုပဿနာသတိပဋ္ဌာန် ၁

ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခဖြစ်သော ဝေဒနာတို့ကို အောက်မေ့ခြင်းသည် ဝေဒနာနုပဿနာ မည်၏။