ဝဋ် ၃ ပါး

by | Jun 9, 2022 | | 0 comments

ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်။( ဤ၌ “ဝဋ္ဋ”သဒ္ဒါသည် ချာချာလည်ပတ်သော ကွင်းဆက်၊ ကွင်း -ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ပစ္စုပ္ပန် ကိလေသကွင်း ကမ္မကွင်းနှင့် အနာဂတ်ဝိပါကကွင်းတို့သည် ပစ္စုပ္ပန်ဝိပါကကွင်း, အတိတ် ကိလေသကွင်း ကမ္မကွင်းတို့နှင့် ချိတ်ဆက်လျက် မပြတ် လည်ပတ်နေကြသည်။ (အတိတ် ကိလေသကွင်း + ကမ္မကွင်း + ပစ္စုပ္ပန်ဝိပါကကွင်း + ပစ္စုပ္ပန်ကိလေသကွင်း + ကမ္မကွင်း + အနာဂတ်ဝိပါကကွင်း-တို့ အစဉ်အတိုင်း ချိတ်ဆက်ထားလျက် လည်ပတ်နေကြသည်-ဟု ဆိုလိုသည်)။

ဝိတက္ကစရိုက်ဘာဝနာ

အကြံအစည်များသူကို "ဝိတက္ကစရိုက်ရှိသူ"ဟု ခေါ်သည်။ပွားများထိုက်သော တရားကို ဘာဝနာ-ဟု ခေါ်သည်။

ဝိညာဏ် ၂

ပဋိသန္ဓေအခါ, ပဝတ္တိအခါတို့၌ ထိုက်သည်အားလျော်စွာဖြစ်သော လောကီဝိပါက် ၃၂-ပါး။

ဝေယျာဝစ္စ

သူတစ်ပါး၏ ကောင်းမှုကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု။

ဝိစိကိစ္ဆာနုသယ ၁

ဝိစိကိစ္ဆာသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် ဝိစိကိစ္ဆာနုသယ...

ဝိပါကပစ္စယော

ဝိပါက် (ကိုယ်တိုင် ငြိမ်သက်သည်၏ အဖြစ်) အားဖြင့် အခြားတရားလည်း ငြိမ်သက်ဖို့ ကျေးဇူးပြုတတ်သော...