မောဟစရိုက်ရှိသူ

by | Jun 9, 2022 | | 0 comments

မောဟအဖြစ်များသူကို “မောဟစရိုက်ရှိသူ”ဟု ခေါ်သည်။ ဆင်ခြင်ဉာဏ်နည်းပါး မိုက်မဲသူများ၊ တွေဝေလွန်းသူများဖြစ်သည်။

မောဃဝါရ

ဝီထိစိတ် လုံးဝ မဖြစ်သော အတိပရိတ္တာရုံဝီထိကို "မောဃဝါရ"ဟု ခေါ်သည်။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

"ကိုယ်ရောင်ကိုယ်ဝါ-စသည်တို့သည် မဂ်-ဖိုလ် မဟုတ်၊ မဂ်-ဖိုလ်ကြောင့် ဖြစ်ပေါ်လာကြသည်လည်း မဟုတ်၊ ဤ'ကိုယ်ရောင် ကိုယ်ဝါ' စသည်တို့ကို စဉ်းစားဆင်ခြင်မှုသည်လည်း ဝိပဿနာလမ်းမှန် မဟုတ်၊ ပေါ်လာသမျှသော ရုပ်-နာမ်တို့ကို ထင်ရှားရှိခိုက်မှာ မပြတ်မလပ် ရှုမှတ်ခြင်းကသာ ဝိပဿနာလမ်းမှန်...

မဟာကပ်

ဝိဝဋ္ဋဋ္ဌာယီအသသင်္ချေယျကပ်-စသော အသင်္ချေယျကပ် (၄) ကပ်သည် မဟာကပ် မည်၏၊ ၎င်းမဟာကပ် တစ်ကပ်ကိုပင် တစ်ကမ္ဘာ-ဟု ခေါ်သည်။ ပါဠိဘာသာကပ္ပ-ဟူသော ဝေါဟာရမှ မြန်မာဘာသာ ကမ္ဘာ-ဟူသော ဝေါဟာရသို့ ပြောင်းလဲလာခြင်း...

မဟန္တာရုံ

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) များသော စိတ္တက္ခဏရှိသော အာရုံ၊ တဒါရုံ ၂ကြိမ် မဖြစ်နိုင်လောက်အောင် အတီတဘဝင် လွန်ခဲ့ပြီးမှ ထင်လာသော အာရုံသည် "မဟန္တာရုံ"...

မနောဒွါရာဝဇ္ဇန်း

မနောဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် မန+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ မန= ဘဝင်စိတ်ဟူသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ ဘဝင်စိတ်ဟူသော ဒွါရ (တံခါး)၌ (ဖြစ်သော) (အာရုံကို) ဆင်ခြင်တတ်သော စိတ်-ဟု...