ဘဝါသဝ ၁

by | Jun 9, 2022 | | 0 comments

ရူပဈာန်, အရူပဈာန်နှင့် “ထိုဈာန်၏ အကျိုးဝိပါက်”ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် ယစ်မူးစေတတ်သော စိမ်ရည် အရက်နှင့်တူသောကြောင့် “ဘဝါသဝ” မည်၏။

ဘင်ခဏ

စိတ်စသော ပရမတ္ထတရားတစ်ခုခု၏ တည်နေပြီးနောက် ပျက်စီးချုပ်ပျောက်ရာကာလ။

ဘဝေါဃ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...

ဘာဝရုပ် ၂ ပါး

၁။ ဣတ္ထိဘာဝ၊ ၂။ ပုရိသဘာဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဘာဝရုပ်

ယောကျ်ား၊ မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ဘာဝရုပ်"ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည် အမသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည် အထီးသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်၏၊ အထီးအမတို့၏ အင်္ဂါဇာတ်ကား ဘာဝရုပ်...