ပသာဒရုပ်

by | Jun 9, 2022 | | 0 comments

အကြည်ဓာတ်သဘော ရှိသောကြောင့် စက္ခု-စသည်တို့ကို “ပသာဒရုပ်”ဟု ခေါ်သည်။

ပတ္တာနုမောဒနာ

သူတပါး ပေးဝေသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။

ပဝတ္တိအခါ

ပဋိသန္ဓေနှင့် စုတိတို့၏ ကြားကာလကို ပဝတ္တိအခါ-ဟု ခေါ်သည်။ အဘိဓမ္မာအလိုအားဖြင့် ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)တို့၏ ဥပါဒ်(ဖြစ်ဆဲ)ခဏကိုသာ "ပဋိသန္ဓေ"ဟု ခေါ်သည်၊ ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)များ ဥပါဒ်ပြီး(ဖြစ်ပြီး)သည့်နောက် ဌီခဏမှ စ၍ ထိုဘဝ၏ စုတိစိတ်၏...