ပဋိသန္ဓေနှင့် စုတိတို့၏ ကြားကာလကို ပဝတ္တိအခါ-ဟု ခေါ်သည်။ အဘိဓမ္မာအလိုအားဖြင့် ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)တို့၏ ဥပါဒ်(ဖြစ်ဆဲ)ခဏကိုသာ “ပဋိသန္ဓေ”ဟု ခေါ်သည်၊ ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)များ ဥပါဒ်ပြီး(ဖြစ်ပြီး)သည့်နောက် ဌီခဏမှ စ၍ ထိုဘဝ၏ စုတိစိတ်၏ ဌီကာလတိုင်အောင် အမိဝမ်းထဲ အောင်းနေဆဲပင် ဖြစ်စေကာမူ “ပဝတ္တိ”ဟုသာ ခေါ်ရတော့သည်။
ပဋိစ္စသမုပ္ပါဒ်
အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပုံကို ပြသော တရား။(ပဋိစ္စသမုပ္ပါဒ်-ဟူသော ပုဒ်သည် ပဋိစ္စသမုပ္ပါဒဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံညီညွတ်မှုကို စွဲ၍ အကျိုးတရားတို့ကို ဖြစ်စေတတ်သော အကြောင်းအပေါင်းကို ဟော၏၊ သို့သော်...