ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
ပဋိသန္ဓေ ကိစ္စကို ဆောင်ရွက်သော စိတ် ၁၉ ပါး
ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉ ပါး- ပေါင်း ၁၉ ပါးသည် ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သော စိတ်(ပဋိသန္ဓေစိတ်) တို့ ဖြစ်သည်။"ကိစ္စကို ဆောင်ရွက်"ဟူသည် ထိုကိစ္စရှိနေသည်ဟု ဆိုလိုသည်။(ဆိုင်ရာ ခေါင်းစဉ်များကိုလည်း...