ပဉ္စဝိညာဏဓာတ်

by | Jun 9, 2022 | | 0 comments

စက္ခုဝိညာဏ်-စသော ငါးပါးကို ပဉ္စဝိညာဏဓာတ်ဟု ခေါ်သည်။ (ပဉ္စ= ငါးပါး၊ ဝိညာဏ= စက္ခုစသော ဝိညာဏ်စိတ်၊ ဓာတ်= ဓာတု= သတ္တလည်းမဟုတ် အသက်ဇီဝလည်း မဟုတ်သော သဘော)။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဥဒယဗ္ဗယဉာဏ်မှ စ၍ အစဉ်အတိုင်း တိုးတက်၍ ဆက်လက် ကြိုးစားအားထုတ်သည် ရှိသော် အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးတို့သည် အဆင့်ဆင့် ဖြစ်ပေါ်လာကြသည်၊ ထိုဝိပဿနာဉာဏ် ၉-ပါးကိုပင် "ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ"ဟု ခေါ်သည်၊ "မဂ်ဖိုလ်သို့ ရောက်ဖွယ် စင်ကြယ်သော ဉာဏ်အမြင်"ဟု ဆိုလိုသည်။...

ပဿဒ္ဓိသမ္ဗောဇ္ဈင် ၂

မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇောတို့၌ရှိသော ကာယပ္ပဿဒ္ဓိ, စိတ္တပ္ပဿဒ္ဓိစေတသိက်။

ပတ္တိဒါန

မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမှု။

ပသာဒရုပ် ၅ ပါး

၁။ စက္ခုပသာဒ၊ ၂။ သောတပသာဒ၊ ၃။ ဃာနပသာဒ၊ ၄။ ဇိဝှါပသာဒ၊ ၅။ ကာယပသာဒ။ (စက္ခုပသာဒ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...