နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်

by | Jun 9, 2022 | | 0 comments

(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု ခေါ်သည်။

နိရောဓသမာပတ် ဝင်စားသူ

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်နေသူ။ (နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်ဇော တစ်ကြိမ်ဖြစ်သည်၊ ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္ထဖိုလ်ဇော တစ်ကြိမ် ဖြစ်သည်၊ ထို့နောက် ဘဝင် ကျသည်၊ ဘဝင်နောက်မှာ...

နတ်ပြည် ၆ ထပ်

၁။စာတုမဟာရာဇ်၊ ၂။တာဝတိံသာ၊၃။ယာမာ၊၄။တုသိတာ၊န၅။နိမ္မာနရတိ၊၆။ပရနိမ္မိတဝသဝတ္တီ။

နိရောဓသမာပတ် ဝင်စားသည်

ထိုတွင် စိတ်, စေတသိက်, စိတ္တဇရုပ်တို့ အခိုက်အတန့်မျှ ချုပ်ခြင်းသို့ ကောင်းစွာ ရောက်နေသည်ကို "နိရောဓသမာပတ် ဝင်စားသည်"ဟု ခေါ်သည်၊ (နိရောဓ= ချုပ်ခြင်းသို့၊ သမာပတ်= ကောင်းစွာ ရောက်သည်)။ ထိုနိရောဓသမာပတ်ကို အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်များသာ...

နိဗ္ဗိဒါဉာဏ်

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။

နိရောဓသမာပတ်

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်ခြင်း။