နေဝသညာနာသညာယတန

by | Jun 9, 2022 | | 0 comments

နေဝသညာနာသညာယတန-ဟူသော ပုဒ်သည် နေဝ+သညာ+န+အ+ သညာ+အာယတန-ဟူသော ပုဒ်ခြောက်ခုတို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ နေဝ= မဟုတ်၊ သညာ= (ထင်ရှားသော) သညာ၊ န= မဟုတ်၊ အသညာ= (သိမ်မွေ့သော) သညာ မဟုတ်သည်ကား၊ အာယတန= (ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ-ဟု တစ်လုံးချင်း အဓိပ္ပါယ်ရသည်။ ထိုပုဒ်ခြောက်ခုပေါင်း၏ တိုက်ရိုက် အဓိပ္ပါယ်မှာ (ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ဟု ဖြစ်သည်။

နိမ္မာနရတိဘုံ

မိမိဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်ခြင်း ရှိကြသော နတ်တို့ ဖြစ်ရာ ဘုံ။

နိရောဓသမာပတ်မှ ထသည်

သမာပတ်အတွင်း၌ ချုပ်ငြိမ်းနေသော စိတ်, စေတသိက်, စိတ္တဇရုပ်များ ပြန်၍ဖြစ်ပေါ်လာသည်ကိုပင် "နိရောဓသမာပတ်မှ ထသည်"ဟု ခေါ်သည်။ သမာပတ်မှထသည့်အခါ အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်စိတ် ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ တစ်ကြိမ်ပေါပြီးနောက်...

နိဗ္ဗာန်

နိဗ္ဗာန်သည် "ဝါန"ဟုခေါ်သော တဏှာမှ ထွက်မြောက်တတ်၏၊ ထို့ကြောင့် "နိဗ္ဗာန်"ဟု ခေါ်သည်။

နိဗ္ဗိဒါဉာဏ်

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။

နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်

(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု...