ကုသိုလ်စိတ်အကျယ် ၃၇ ပါး

by | Jun 9, 2022 | က | 0 comments

၁။မဟာကုသိုလ်စိတ် ဂ ပါး၊၂။ရပါဝစရကုသိုလ်စိတ် ၅ ပါး၊၃။အရူပါဝစရကုသိုလ်စိတ် ၄ ပါး၊၄။မဂ်စိတ်အကျယ် ၂၀၊ပေါင်း ၃၇ ပါး။ (မဟာကုသိုလ်စိတ် ဂ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ကာယာနုပဿနာသတိပဋ္ဌာန် ၁

ကာယမည်သော စက်ဆုပ်ဖွယ် ဆံအစရှိသည်တို့ ဖြစ်ရာ အတ္တဘောကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏။ တစ်နည်းအားဖြင့် ထွက်သက် ဝင်သက်တို့၏ အပေါင်းကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာ...

ကုသလကမ္မပထတရား ၁၀ ပါး

ကုသိုလ်ကာယကံ ၃ ပါး၊ ကုသိုလ်ဝစီကံ ၄ ပါး၊ ကုသိုလ်မနောကံ ၃-ပါး၊ပေါင်း ၁၀ ပါး။ (ကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာမောဃ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကမ္မဋ္ဌာန်း

ဘာဝနာအလုပ်သည်ပင် တရားထူးကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း= ဘာဝနာအလုပ်၌ တည်ခြင်း, ဘာဝနာအလုပ်ကို အားထုတ်ခြင်း, အဖန်ဖန် ရှုမှတ်ခြင်းသည် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း သမထဘာဝနာအလုပ် ဝိပဿနာဘာဝနာအလုပ်၏ ဖြစ်ရာ ကသိုဏ်းစသော အာရုံ၊ သင်္ခါရအာရုံသည်...

ကဋတ္တာရုပ်၁

ကမ္မဇရုပ်ကိုပင် ပဋိသန္ဓေအခါ၌ ကဋတ္တာရုပ်-ဟု ခေါ်သည်။

ကောလံကောလသောတာပန်

သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် အမျိုးကောင်းတစ်ခုမှ အမျိုးကောင်းတစ်ခုသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂-ကြိမ်မှ ၆-ကြိမ်တိုင်အောင် ပဋိသန္ဓေနေနိုင်သည်၊ ထို့နောက် ရဟန္တာ...