ကုသိုလ်စိတ်အကျဉ်း ၂၁ ပါး

by | Jun 9, 2022 | က | 0 comments

၁။မဟာကုသိုလ်စိတ် ဂ ပါး၊၂။ရပါဝစရကုသိုလ်စိတ် ၅ ပါး၊၃။အရူပါဝစရကုသိုလ်စိတ် ၄ ပါး၊၄။မဂ်စိတ်အကျဉ်း ၄ ပါး၊ပေါင်း ၂၁ ပါး။ (မဟာကုသိုလ်စိတ် ဂ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ကာယပ္ပဿဒ္ဓိ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော။

ကမ္မဇရုပ်

ကံကြောင့်ဖြစ်သော ရုပ်။ (အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမာဝစရကုသိုလ်စေတနာ ၈-ပါး၊ ရူပါဝစရကုသိုလ် စေတနာ ၅-ပါး၊ ပေါင်း ၂၅-ပါးသော ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ ခဏတိုင်းခဏတိုင်းမှာ ရုပ်ကို ဖြစ်စေသည်၊ ထိုကံကြောင့်ဖြစ်သော ရုပ်ကို "ကမ္မဇရုပ်"ဟု ခေါ်သည်။...

ကာမုပါဒါန် ၁

ငါးပါးအာရုံ ကာမဂုဏ်၌ စွဲလမ်းတတ်သော တရားသည် "ကာမုပါဒါန်"မည်၏။

ကုသိုလ်မနောကံ

ကိုယ်လည်းမလှုပ်၊ နှုတ်လည်းမပါ စိတ်၌သာ အဖြစ်များသော ကုသိုလ်ကံ။

ကသိုဏ်း ၁၀ ပါး

၁။ ပထဝီကသိုဏ်း၊ ၂။ အာပေါကသိုဏ်း၊ ၃။ တေဇောကသိုဏ်း၊ ၄။ ဝါယောကသိုဏ်း၊ ၅။ နီလကသိုဏ်း၊ ၆။ ပီတကသိုဏ်း၊ ၇။ လောဟိတကသိုဏ်း၊ ၈။ ဩဒါတကသိုဏ်း၊ ၉။ အာကာသကသိုဏ်း၊ ၁၀။ အာလောကကသိုဏ်း။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...